ဆောမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားပင်စင်လစာများ ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ထုတ်ပေး

ဆော နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ဆောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားပင်စင်လစာများ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ နိုဝင်ဘာ ၂၃ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်စင်လစာများ ထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် နိုဝင်ဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဆောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့ရက်များ အလိုက် နံနက် ၇ နာရီခွဲမှ  မွန်းလွဲ ၃ နာရီအချိန်ထိ ထုတ်ပေး လျက်ရှိကြောင်းနှင့် သတ်မှတ် ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်းစားပင်စင်စားများသည် ဒီဇင်ဘာလ ဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့ စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်ခင်သန်းထွေးထံမှ သိရသည်။

ယင်းသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထုတ်ချုပ်ရေးအတွက် စနစ်တကျရှိစေရန် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)