ဘီးလင်း နိုဝင်ဘာ ၂၄
သထုံခရိုင် ဘီးလင်းမြို့နယ်သည် မွန်ပြည်နယ်တွင် Stay at Home မြိို့နယ်အဖြစ် သတ်မှတ်ခဲ့သောကြောင့် (HPV) သားအိမ် ခေါင်းကင်ဆာ ကကွယ်ဆေးထိုးလုပ်ငန်းကို အောက်တိုဘာ ၂၁ ရက်တွင် စတင်ထိုးနှံရမည်ဖြစ်သော်လည်း ရက်ရွေ့ ဆိုင်းခဲ့ကာ ယနေ့ နိုဝင်ဘာ ၂၄ ရက် နေ့ မှ စတင်ကာ မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များ၌ အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် မိန်းက လေးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများကထိုး နှံပေးလျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် (HPV) ကာကွယ်ဆေးထိုးရန် အသက် ၉နှစ်မှ ၁၀ နှစ်ထိ မိန်းက လေးဦးရေ စုစုပေါင်း ၂၀၂၇ ဦးရှိပြီး ဘီးလင်းမြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများတွင်ဖွင့်လှစ်ထား သည့် ကျန်းမာရေးဌာနများ၌ ကိုဗစ် -၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Social Distancing အရတစ်ရက်လျှင် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေးဦးရေ ( ၅၀ ) စီ ကို နိုဝင်ဘာ ၂၆ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်ဆက်)