ထီးလင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများ ဆက်လက် ထုတ်ပေး

ထီးလင်း     နိုဝင်ဘာ   ၂၄

ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံး၌ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများကို ယမနနေ့မှ စ၍ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ သက်ကြီးဘိုးဘွား(အငြိမ်းစား)များ ပင်စင်လစာ ထုတ်ယူရာ၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး သတ်မှတ် အကွာအဝေးတွင် ထိုင်ခုံများ စနစ်တကျ နေရာချထားပေးခြင်း၊ ရုံးအဝင်ပေါက်ဝ၌ လက်သန့်ဆေးရည်ဖြင့် လက်များ ဆေးကြောသန့်စင်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ကို စနစ်တကျ တပ်ဆင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထီးလင်းမြို့နယ်တွင် ပင်စင်(အငြိမ်းစား) ဝန်ထမ်းဦးရေ (၉၀၃) ဦး ရှိပြီး (COVID-19) ရောဂါ ထိန်းချုပ်ကာကွယ်ရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးတို့အတွက် ငွေပေးကောင်တာ(၃)ခု ထားရှိ၍(၅)ဦးစီသာ အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း၊ စတင် ထုတ်ပေးသည့် ယမန်နေ့တွင် ပင်စင်လစာ လာရောက်ထုတ်ယူသူ အငြိမ်းစားဝန်ထမ်း ၄၅၀ ဦး ရှိကြောင်း၊ ပင်စင်လစာများကို နေ့စဉ် နံနက် ၈ နာရီမှ နေ့လယ် ၃ နာရီအထိ အုပ်စု(၅)အုပ်စုခွဲကာ (၅)ရက်ကြာ ထုတ်ပေး သွားမည်ဖြစ်ကြောင်း ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံးမှ သိရှိရသည်။

အောင်စည်(ပြန်/ဆက်)