ဘုရားသုံးဆူ နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်နှင့်အညီ ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ ကျေးလက်ကျန်းမာရေးဌာနတို့ပူးပေါင်း၍ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များတွင် အပူချိန်တိုင်းတာခြင်း၊ လက်ဆေးရည်၊ hand gel ထားရှိမှု ရှိ/မရှိ၊ ဆိုင်ထိုင်စနစ်တွင် ညွှန်ကြားချက်နှင့်အညီ ထားရှိမှုရှိမရှိ၊ စျေးဝယ်သူများအနေဖြင့် ဆိုင်အတွင်းဝင်ရောက်ရာတွင် mask တပ်ဆင်မှုရှိမှသာ ဆိုင်အတွင်းသို့ ဝင်ရောက်စေရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပိုစတာများ ဆိုင်အတွင်းသို့ ကပ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
စောရဲဝင်းထွဋ်