မြို့သစ်မြို့နယ် နေပြည်တော်−ကံပြားကားလမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်

မြို့သစ် နိုဝင်ဘာ ၂၄      

မကွေးခရိုင်၊ မြို့သစ်မြို့နယ် နေပြည်တော်ကံပြားကားလမ်း မိုင်တိုင်အမှတ်(၅၁/၁)နှင့် (၅၁/၂) အကြားတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီခန့်က ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှကံပြားဘက်သို့ အရှိန်ပြင်းစွာဖြင့် နေပြည်တော်၊ ကံပြားကားလမ်း အတိုင်း မောင်းနှင်လာသော TOYOTAHILAX. VIGO Extra မော်တော်ယာဉ်သည် မိုင်တိုင်အမှတ် (၅၁/၁)နှင့် (၅၁/၂ ကြား အရောက်တွင် ဘရိတ်ပေါက်ကာ ကားလမ်းပေါ်မှ (၁၅)ပေ ခန့် လေထဲတွင်(၃)ပတ်ခန့်လှိမ့်သွားပြီး ယာဉ်မောင်းမှာ  ကားပေါ်မှလွှင့်စင်သွားပြီး  လမ်းဘေး အုတ်ရေမြောင်းဖြင့်ဆောင့်ကာ  သေဆုံးသွားကြောင်း မြို့သစ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်အား မဆင်မခြင်အရှိန်ပြင်းစွာဖြင့် မောင်းနှင်သူ  ယာဉ်မောင်းအား မြို့သစ်မြို့မရဲစခန်းမှ အမှုရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း  (ပြန် /ဆက်)