မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်  နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ကြရာ ယမန်နေ့ နံနက်(၈)နာရီမှ ညနေ(၅) နာရီထိ မော်တော်ယာဉ်အစီးရေ (၁၈၇)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၃၅၅)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခဲ့ရာ ပိုးတွေ့သူ(၉)ဦးနှင့် ထိတွေ့သူ(၆)ဦးတို့ရှိကြောင်း သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများကို အလှည့်ကျနေ့စဉ် နံနက်(၈)နာရီမှ ညနေ(၅)နာရီ ထိ မော်တော်ယာဉ်များနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို စာရင်းကောက်ယူပြီး တာဝန်ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများပါဆောင်ရွက် ရန် တာဝန်ပေးထားကြောင်း သိရသည်။

မျိုးသန့် (ပြန်/ဆက်)