လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကိုဗစ်-၁၉ အသိပညာပေး နံရံကပ်ပြဘုတ် ဂန့်ဂေါမြို့ ယာယီပျံကျဈေးတွင်ပြသ

ဂန့်ဂေါ နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့စည်ပင်သာယာရေးအဖွဲ့၏ ယာယီပျံကျဈေးတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကိုဗစ်-၁၉ အသိ ပညာပေး နံရံကပ်ပြဘုတ်များကို ယနေ့နံနက်(၇)နာရီက ပြသခဲ့သည်။

အဆိုပါ နံရံကပ်ပြဘုတ်များပြသရာ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေပြဌာန်းချက် များ၊ လူကုန်ကူးမှုကျူးလွန်ပါက အရေးယူခံရမည့်ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုခံရပါက ဆက်သွယ်ရမည့် လိပ်စာနှင့်ဖုန်းနံပါတ်များ၊ အမျိုးသမီးများ လူကုန်ကူးခံရပါကတွေ့ကြုံရ မည့်အန္တရာယ်များ၊ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းများ၏ ရောင်းဝယ်မှုအန္တရာယ်များ၊ လူကုန်ပွဲစား များ အသုံးပြုတတ်သော နည်းလမ်းများ ပြသခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ညွှန်ကြား ချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကိုဗစ်-၁၉ ကာလအတွင်း သတင်းအချက်အလက်ဝန်ပိမှုကို စီမံ ခန့်ခွဲခြင်းများ၊ ရောဂါကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်သည့်ရုပ်ပုံများဖြင့် စုံလင်စွာပြသခဲ့သည်။

ထို့အပြင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်(၁၅၀)စောင်ကို ယာယီပျံကျဈေးရှိ ဈေးရောင်း သူ/ ဈေးဝယ်သူ ပြည်သူများအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

မျိုးမင်းသန်း (ပြန်/ဆက်)