မုဒုံမြို့နယ်တွင် ကျန်းမာရေးလိုက်စားသူများအား လိုက်ပါဆောင်ရွက်နိုင်ရန် အတွက် Physical Fitness Dance ကို Online မှ တစ်ဆင့်တင်ဆက်

မုဒုံ     နိုဝင်ဘာ    ၂၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း  stay at home  နေထိုင်သော မိဘပြည်သူများအနေဖြင့် ကျန်းမာကြံ့ ခိုင်စေရန်နှင့် ကျန်းမာရေးလိုက်စားသူများ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် Physical Fitness Dance အား Onlineမှတစ်ဆင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

 “အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာ များရှိ ပြည်သူများ အားကစားလူငယ်များ အားကစားနှင့်ပတ်သတ်၍ ဖွံ့ဖြိုးတိုးတက် လာစေရန် အတွက် မြို့နယ်အတွင်းပြိုင်ပွဲများ၊ပြည်နယ်အဆင့်ပြိုင်ပွဲများကို ယခင်နှစ် များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ကြောင့် အားကစား ပြိုင်ပွဲများကို ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ကျန်းမာကြံ့ခိုင်ဖို့ Physical Fitness Dance ကို Online  မှတစ်ဆင့်   တနင်္လာနေ့မှ သောကြာနေ့အထိ ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ Online ပြိုင်ပွဲများတွင်လဲ စိတ်ပါဝင်စားသူများ ပါဝင် ယှဥ်ပြိုင်နိုင်ကြောင်း ” မြို့နယ် အားကစားမှူးဒေါ်နွယ်နီစံက ပြောသည်။

လှုပ်လှုပ်ရှားရှား လူထုအားကစား Physical Fitness Dance Online Challenge ပြိုင်ပွဲတွင် မုဒုံမြို့နယ် ကိုယ်စားပြုအနေဖြင့် စိတ်ပါဝင်စားသော ကျောင်းသား/ ကျောင်းသူများနှင့် ပြည်သူများ (၃၅) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း    မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)