မိုးမောက် ဇန်နဝါရီ ၉
ကချင်ပြည်နယ်၊ မိုးမောက်မြို့ ကျောက်စခန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ဇန်နဝါရီလ (၇) ရက်နေ့၊ ည(၇)နာရီအချိန်က ဒု−ရဲအုပ် အောင်ကျော်ဇေယျာဖြိုး ဦးစီးအဖွဲ့နှင့် မိုးမောက်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမှိုင်းမြတ်ထွန်းတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် အကောက်အခွန်မဲ့ မော်တော်ဆိုင်ကယ်များ တင်ဆောင်လာကြောင်း သတင်းအရ Stone Village သွားလမ်းခွဲတွင် စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း ဝင်းမြင့်(၃၀)နှစ် မောင်းနှင်ပြီး ဘေးတွင်မောင်ဇော် လွယ်ဂျယ်မြို့နေသူ လိုက်ပါလာသော ယာဉ်အမှတ် SGG---ကိုးရီးယား(ခဲရောင်) ယာဉ်အား ရပ်တန့်စေ၍စစ်ဆေးရာယာဉ်ပေါ်တွင် SHAYAN(125) အစိမ်းပုတ်ရောင် ဆိုင်ကယ်(၃)စီး၊ ယာဉ်မောင်း ဘရန်ရှောင်(ခ)အီးသား (၃၄)နှစ်ခါနန် ရပ်ကွက် မိုးမောက်မြို့ နေသူမောင်းနှင်လာသော ယာဉ်အမှတ် MDY------ NOAH အား စစ်ဆေးရာ ယာဉ်ပေါ်တွင် KENBO(125) နီနက်ရောင် ဆိုင်ကယ်(၂)စီး ၊ ယာဉ်မောင်း ဒေါ်စမ်းယုမော် (၃၁)နှစ် ရွှေညောင်ပင်ရပ်ကွက် မြစ်ကြီးနားမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် YGN ----- VOXY အဖြူရောင်ယာဉ်အား စစ်ဆေးရာယာဉ်ပေါ်တွင် (KAMADI CLICK) ဆိုင်ကယ်(၄)စီး ၊ TREE STAR (125) ဆိုင်ကယ်(၂)စီး FEIKING (125)ဆိုင်ကယ်(၁)စီး ၊ CIRCULAR VCLICK ဆိုင်ကယ်(၂)စီး ပေါင်း(၉)စီး၊ စုစုပေါင်း မော်တော်ယာဉ်(၃)စီးပေါ်တွင် တရားမဝင်အကောက်အခွန်မဲ့ မော်တော်ဆိုင်ကယ်(၁၄)စီး ဖမ်းဆီးရမိခဲ့သဖြင့် ဉပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။
လွန်းနန်းထွေး