မုဒုံ နိုဝင်ဘာ ၂၄
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ဆောက်လုပ်လျက်ရှိ သည့် ကျောက်ကပ်ဆေးဌာန အဆောက်အဦ ဆောက်လုပ်ရန်အတွက် အလှူငွေကျပ် သိန်း(၁၀၀) ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ ပြင်ပလူနာဆောင်သစ် တွင် ပြုလုပ်ကြောင်းသိရသည်။
အဆိုပါ ကျောက်ကပ်ဆေးဌာနသစ် အဆောက်အဦ RC (၂) ထပ် အဆောက်အဦကို နိုဝင်ဘာလ (၁၈) ရက်နေ့တွင် အဆောက်အဦ ပန္နက်တင်ခဲ့ပြီး မုဒုံမြို့နယ် မြို့မ (၄) ရပ်ကွက်ရှိ ဦးစံညွန့်+ဒေါ်စုစု (စံတော်ဦး) အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး မိသားစုမှ အလှူငွေကျပ်သိန်း (၁၀၀) ကို ပေးအပ် လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မြင့်သိန်းဦးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့မိ/မြို့ဖများတို့က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)