ရန်ကုန် နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊(က/၃) လမ်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသည့်အတွက် ဖောင်ကြီးကုသရေးစင်တာတွင် ဆေးကုသမှုခံယူပြီး ကျန်းမာရေးပြန်လည် ကောင်းမွန် လာသဖြင့် ယနေ့ နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူ များက သွားရောက် ခေါ်ဆောင်၍ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ကြက်ခြေနီအသင်းခွဲ(အင်းစိန်)သည် ဥက္ကဌ ဦးစည် သူဇော်၊ မြို့နယ်တပ်ဖွဲ့ မှူး ဦးနီထွန်းတို့၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဖောင်ကြီး ကုသရေးစင်တာမှ အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊(က/၃) လမ်းရှိ နေအိမ်သို့ ပို့ဆောင် ပေးခဲ့ပြီး အဆိုပါအမျိုးသမီးသည် မိမိနေအိမ်တွင် Home Quarantine (၇)ရက်နေထိုင်သွားရမည် ဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေး အတွက် မြို့နယ် အတွင်းတွင် ဖျားနာကုဆေးခန်း(၁)ခုနှင့်ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ် ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)