ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် We Love Yangon (Kungyangon) အဖွဲ့မှ စားသောက်ကုန် ပစ္စည်းများအား အိမ်တိုင်ရာရောက်လိုက်လံလှူဒါန်း

ကွမ်းခြံကုန်း  နိုဝင်ဘာ   ၂၄

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နေ သောကာလအတွင်း  လက်လုပ်လက်စား အခြေခံလူတန်းစား   အိမ်ထောင်စုများ အတွက်  စားသောက်ကုန်ပစ္စည်းများ အား (We    Love     Yangon) အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်    (We   Love Kungyangon)  အဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အိမ်ထောင်စုများသို့ သွားရောက် လှူဒါန်းခဲ့ ကြောင်းသိရသည်။

အဆိုပါလှူဒါန်းမှုတွင် မြို့ပေါ်ရပ်ကွက်  ( ၄ )    ရပ်ကွက်နှင့် ကျေးရွာ ( ၄ ) ရွာမှ အမှန်တကယ်    ဆင်းရဲ နွမ်းပါးသော လက်လုပ်လက်စား  အခြေခံလူတန်းစား   အိမ်ထောင်စုများအား ရွေးချယ် ၍  စုစုပေါင်း  အိမ်ထောင်စု  (၃၈ )စု  အတွက် အိမ်ထောင်စု(၁)စုလျှင် ဆန်(၁၂)ပြည်၊ ဆီ(၅၀)သား တစ်ဘူး၊ငါးသေတ္တာ (၅) ဘူး ၊  ခေါက်ဆွဲခြောက်  အထုတ် (၃၀) တို့ကိုအိမ်တိုင် ရာရောက် လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။ (We Love Yangon )   လူထုအခြေပြုပရဟိတအဖွဲ့ သို့  အနယ်နယ်အရပ်ရပ်မှ လှူဒါန်းထားသော အလှူရှင်များ ကိုယ်စား  (We Love Kungyangon)   အဖွဲ့မှ သွားရောက် လှူဒါန်း ပေးခြင်းဖြစ်ပြီး မြို့နယ် အတွင်း ကျေးရွာများရှိ   ဝင်ငွေနည်းပါး၍ လူမှုစီးပွား  အခက်အခဲနှင့်ကြုံနေသော အိမ်ထောင်စု များအား  တတိယအကြိမ်မြောက်   လှူဒါန်းခြင်းဖြစ်ကြောင်း‌(We Love Kungyangon) အဖွဲ့မှ  သိရ သည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)