ရေစကြိုမြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်တွင် ကဗျာဆရာ မဟူရာစောလွင်(ပခုက္ကူ) ရေးသား ထားသည့် ပွင့်လန်းဝေဖြာ ပန်းမာလာ စာအုပ်ပေးအပ်လှူဒါန်း

ရေစကြို နိုဝင်ဘာ ၂၄

ရေစကြိုမြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်တွင် ကဗျာဆရာ မဟူရာစောလွင်(ပခုက္ကူ) ရေးသားထားသည့် ပွင့်လန်းဝေဖြာ ပန်း မာလာစာအုပ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရေစကြိုမြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်နှင့် ရေစကြိုမြို့နယ် အတွင်းရှိ စံ ၅ ရပ်ညီ စာကြည့်တိုက်များ၊ စာရေးဆရာများ၊ စာပေဝါသနာရှင်များအတွက်  နိုဝင် ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က စာအုပ်စုစုပေါင်း ၂၀၀ အုပ်လှူဒါန်းခဲ့သည်။

စာအုပ်လှူဒါန်းပွဲတွင် ပခုက္ကူမြို့နယ် စာရေးတရာအသင်း၊ အတွင်းရေးမှူး စာရေးဆရာမ အသွင်ဆန်းက ကဗျာဆရာ မဟူရာ စောလွင် (ပခုက္ကူ) ရေးသားထားသည့် ပွင့်လန်းဝေဖြာ ပန်းမာလာစာအုပ် ပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က ကျေးဇူးတင် စကားပြန် လည်ပြောကြားသည်။

အဆိုပါ ပေးအပ်လှူဒါန်းပွဲတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်နှင့် ဝန်ထမ်း များ၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်တို့မှ စာရေး ဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ကဗျာဆရာ မဟူရာစောလွင် (ပခုက္ကူ) ရေးသားထားသည့် ပွင့်လန်းဝေဖြာ ပန်းမာလာ စာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေ ဦးစီးဌာန၊ ရေစကြိုမြို့နယ်ရုံးက တစ်ဆင့် ရပ်ကွက်/ ကျေးရွာများရှိစံ ၅ ရပ်ညီ စာကြည့်တိုက်များကို ဖြန့်ဝေ လှူဒါန်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နွယ်နွယ်အောင်( ပြန်/ဆက်)