လေရှီးမြို့ပေါ်ရှိ စားသောက်ဆိုင်များအား နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ /မရှိ တာရှိသူများ ကွင်းဆင်းစစ်ဆေး

လေရှီး       နိုဝင်ဘာ    ၂၄

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ပေါ်ရှိ စားသောက် ဆိုင်နှင့် လက်ဖက်ရည်များသည် Covid-2019 ကာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စံသတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိ မရှိကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး ဦးဆောင် ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မြို့နယ်ရဲမှူးသက်ထွန်းငြိမ်း၊ မြို့နယ် ဆရာဝန်  ဒေါက်တာ နေအောင်စိုး၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးလာပဲ၊ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမျိုးသူအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လိုက်ပါခဲ့ ကြောင်း လေရှီးမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် (၉) ရှိသည့်အနက် (၈)ဆိုင်သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီပြီး (A) အဆင့် သတ်မှတ်ခံရသည့်အတွက် နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ် ခွင့်ပြုရန် အစီစဉ်ရှိကြောင်း သိရသည်။

ဆိုင်းသား(ပြန်/ဆက်)