ကျိုက်မရော နိုဝင်ဘာ ၂၄
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာအုပ်စု ကွင်းအမှတ် ၅၈၄ (က) ဦးပိုင် အမှတ် ၃၁ တောင်သူ ဦးကာဒယ်၏ မိုးစပါးစိုက်ခင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် ကိုဗစ်- ၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ မျိုးစပါး ဆင်းသုခ ဧက ၂.၅၀ ဧက စိုက်ခင်းအတွင်း စံကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး ဝန်ထမ်းများ၊ ကွင်းတာဝန်ခံများနှင့် မျိုးစေ့ထုတ်တောင်သူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက်စိုက်ဧရိယာ( ၂.၅၀)ဧကရှိ တောင်သူ ဦးကာဒယ်၏ မိုးစပါးစံကွက်အား ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါး(၇၈.၂၀)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဦးစီးမှူး ဦးလှတင်မောင်ထံမှ သိရသည်။
ချိုချို(ပြန်/ဆက်)