ချောင်းဆုံ နိုဝင်ဘာ ၂၄
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိနွေစပါးနှင့် အခြားသီးနှံများစိုက်ပျိုးကြမည့် တောင်သူများအားစပါး (၁) ဧကကို (၁) သိန်းခွဲနှုန်း ၊ အခြားသီးနှံ (၁) ဧကကို (၁)သိန်းနှုန်းဖြင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် (၁၁)နာရီက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မုခနီးကျေးရွာနှင့် ချောင်းဆုံအနောက်ရပ်ကွက် မှ တောင်သူများအားစတင်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ချေးငွေ အကြံပေးကော်မတီဝင်များ၏ အကြံပြုချက်များနှင့် ကျေးရွာချေးငွေစိစစ် ပေးရေး အဖွဲ့များ၏ တင်ပြချက်များ အရအမှန်တကယ် စိုက်ပျိုးသည့် တောင်သူများကိုသာ ထုတ်ချေးသွား မည်ဖြစ်ကြောင်း၊ ယခင်နှစ်ကရာသီအလိုက် ချေးငွေများကို အစောဆုံးပြန်ဆပ်နိုင် သည့် ကျေးရွာများကို ဦးစားပေး ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် ဆောင်းသီးနှံချေးငွေကို သိန်း (၂၀၀၀) ခန့် ထုတ်ချေးရန်လျာထားကြောင်း၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဇော်လေးက ပြောသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကိုတောင်သူ (၃၆၁) ဦးအား ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းအထိ ထုတ်ပေး သွားမည်ဖြစ်ပြီး ၂၀၂၁ စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီးပြန်လည် ပေးချေ ရမည်ဖြစ်ကြောင်း သိရသည်။
ကေအေ(ချောင်းဆုံ)