ထီးချိုင့် နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ညောင်ပင် သာနည်းပညာပြန့်ပွား ရေးတာဝန်ခံ ဒုလက်ထောက်ဦးစီးမှူး ဒေါ်မြတ်နိုးဆွေ၊ တွဲဘက်တာဝန်ခံဦးစိုးကိုကိုနှင့် မြို့မနည်းပညာပေးစင်တာ၊ ကွင်းကြီးနည်းပညာပေးစင်တာ၊ ကမ်းနီနည်းပညာပေးစင်တာ မှဝန်ထမ်းများသည် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဧရာမင်းမိုးစပါးမျိုးစေ့ထုတ်ကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မရသိမ်ကျေးရွာအုပ်စု၊ မရသိမ်ကျေးရွာ တောင်သူဦးသန်းထွန်း၏ လယ်တွင်ရိတ်သိမ်းခဲ့ကြောင်းသိရပါသည်။
အဆိုပါစံကွက်ရိတ်သိမ်းခြင်းကို မရသိမ်ကျေးရွာအုပ်စု၊ မရသိမ်ကျေးရွာ ကွင်းအမှတ် (၈၇၆)၊ ဦးပိုင်အမှတ်(၁၆ /က )တောင်သူဦးသန်းထွန်း၏ ဧရာမင်းမိုးစပါးမျိုးစေ့ ထုတ်စိုက်ကွက် (၄) ဧက၌ (၆.၆) ပေပတ်လည် စံကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက် (၁၂.၅)ဗူးရရှိ၍ ၊ (၁)ဧကထွက်နှုန်း Y Method ဖြင့် အစိုထွက် (၁၁၂)တင်းထွက်ရှိခဲ့ပါသည်။
ထီးချိုင့်မြို့နယ်အနေဖြင့် နည်းပညာပေးစင်တာအလိုက် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်များ ကို စိုက်ပျိုးထားရှိရာ မိုးစပါးမျိုးစေ့အမျိုးအစားများအနေဖြင့် ဆင်းဧကရီ ၃၊ ဧရာမင်း၊ မှော်ဘီ၊ ရက် (၉၀) မျိုးစပါးများအား မြို့နယ်အတွင်းဧက ( ၄၀၀ ) စိုက်ပျိုးထားရှိပါကြောင်း၊ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မိုးစပါးမျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေး၊ မျိုးစေ့ထုတ်ကွက်များအတွင်းရော ဂါပိုးမွှား ကျရောက်မှုမရှိစေရေး၊ ပေါင်းကင်းရှင်းရေးတို့အတွက် ဒေသခံတောင် သူများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏မိုးစပါးစိုက်ကွက်များအတွင် နည်းပညာအကူအညီလိုများရယူလိုပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ အကူအညီ များရယူနိုင်ပါကြောင်း စပါးရိတ်သိမ်းပြီးနောက် လယ်သီးထပ်များအနေဖြင့် မြေပဲ၊ ဆောင်းနေကြာ များ အချိန်မီစိုက်ပျိုးနိုင်ရန် တောင်သူများအား စည်းရုံးဟောပြောခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ သိရပါသည်။
ရဲလင်းထွန်း ( ထီးချိုင့် )