ဆိပ်ဖြူမြို့နယ်တွင် ပြည်သူ့စကားဝိုင်းကျင်းပ

ဆိပ်ဖြူ  ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ဂွေးပင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဂွေးပင်ကျေးရွာအထက်တန်းကျောင်း တွင် ပြုလုပ်သည်။

အဆိုပါစကားဝိုင်းကို ကျေးလက်နေပြည်သူအများ အသိပညာဗဟုသုတများတိုးပွားပြီး ဒေသခံပြည်သူအများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဖွံ့ဖြိုးစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဌာနများ၏ဆောင်ရွက်ပေးနေမှုအပေါ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ အမှာစကားပြောကြားပေးပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့စကားဝိုင်းကို ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇော်အောင် ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်၊ မြို့နယ်လျှပ်စစ်ဓာအား ဖြန့်ဖြူးရေးလုပ်ငန်းဌာနမှ ဦးစီးမှူးဦးစန်းဦးနှင့် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးဆုအောင် တို့ဆောင်ရွက်ခဲ့ပြီး ညှိနှိုင်းဆွေးနွေးသူအဖြစ် ပခုက္ကူခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီမှူး ဦးဇော်ဌေးအောင်တို့က ဆောင်ရွက်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများက ဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့၏ ဌာနလုပ်ငန်းများအလိုက် ကျေးလက်နေပြည်သူအများအတွက်  အသိပညာဗဟုသုတများတိုးပွားပြီး ဒေသခံပြည်သူအများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ပေးနေမှုလုပ်ငန်းများကို ရှင်းလင်း ပြောကြားပေးခဲ့ကာ ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသည် ဂွေးပင်ကျေးရွာနှင့် ထန်းပင်ချောင်းကျေးရွာတို့မှ ဒေသခံပြည်သူအများက ကျောင်းနှင့် ကျေးလက်ကျန်းမာရေးအဆင့်မြှင့်တင်နိုင်ရေး၊ ဒေသအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်လာရေးနှင့် ဂွေးပင်ကျေးရွာတွင် ကျေးလက်ဈေးသစ်ဆောင်ရွက် နိုင်ရေးလုပ်ငန်းများတင်ပြဆွေးနွေး မေးမြန်းဆောင်ရွက်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲများက ဒေသခံပြည်သူတို့၏မေးမြန်းချက်များကို ပြန်လည်ဖြေကြား ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)