ရန်ကုန် ဇန်နဝါရီ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ကို ဆေးလိပ်ငွေ့ကင်းစင်သောနယ်မြေအဖြစ်ဆောင်ရွက်ရန်အတွက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် ဆေးလိပ်ငွေ့ကင်းစင်ရေး ဆောင်ရွက်ချက် အသိပညာပေး (sticker) များအား အများပြည်သူမြင်သာသည့် နေရာများတွင် လိုက်လံကပ်ခြင်းနှင့် ဆေးလိပ်ငွေ့ကင်းစင် စစ်ဆေးသည့်ပုံစံများမေးမြန်း ဖြည့်စွက်ခြင်း လုပ်ငန်းစဉ်များကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်မှ ၁၂ နာရီ အချိန်ထိ မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ နှင့်လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး ရန်ကင်းမြို့နယ်ကို ဆေးလိပ်ငွေ့ကင်းစင်မြို့နယ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်မာဝေ(IPRD)