ဒဂုံ(အရှေ့) နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန် အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈နာရီက အမှတ် ၅ ရပ်ကွက်ရှိ ပျံကျစျေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော်၊ အမှတ်၂တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျင်ဆန်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ် ရေးမှူး ဦးကျော်မျိုးနိုင် မြို့နယ်ရဲတပ်ဖွဲ့တို့ စုပေါင်း၍ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း အနေဖြင့် ပြည်သူများ တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းအပြင် နှာခေါင်းစည်း Mask များ နှင့် Face shield တို့အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)