ဒေါပုံ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၈)နာရီအချိန်က မြို့သစ် ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက Quarantine Center များအတွက် လာရောက်ထောက်ပံ့လှူဒါန်းပေးသော အလှူငွေများစာရင်းနှင့် ကုန်ကျ စရိတ်ရှင်းတမ်းများ၊ Quarantine Center မှ ထွက်သည့်အခါ Negative ဖြစ်ကြောင်း လက်မှတ်များ ဆောင်ရွက်ပေးရန်စသည့် ကိစ္စများအား ရှင်းလင်း ဆွေးနွေးကြောင်း သိရသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဟန်စိုး၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်တို့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ပြုလုပ် ဆောင်ရွက်ရန်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့် ပတ်သက် ၍ အကြံပြုချက်များအား ဆွေးနွေးပေးပြီး ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့မိမြိုဖများက လည်းကဏ္ဍအလိုက် အသီးသီး ဆွေးနွေးကြောင်း သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)