မုဒုံ နိုဝင်ဘာ၂၅
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ပြည်နယ်အစိုးရ၏ကြီးကြပ်မှုဖြင့် နှားခေါင်းစည်းနှင့်မျက်နှာ အကာအကွယ် တပ်ဆင်ရေး လူထုလှုပ်ရှားမှုပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲမှစ၍ လမ်းဆုံ လမ်းခွနှင့် လူစည်ကားရာ စျေးများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်ဦးဆောင် ၍မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့စည်း များတို့က လူစည်ကားရာနေရာဖြစ်သည့် စျေးနှင့် လမ်းဆုံလမ်းခွနေရာများတွင် နှားခေါင်းစည်းများ၊ မျက်နှာအကာအကွယ်များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များတို့ကို ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အလေးထားလိုက်နာကြစေရန် လိုက်လံ နှိုးဆော်ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်း၊ နှားခေါင်းစည်း များနှင့် မျက်နှာအကာအကွယ်များ ဖြန့်ဝေပေးခြင်းကို မုဒုံမြို့နယ်တွင် နိုဝင်ဘာလ (၂၇) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)