ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း၊ ဆေးပေးခန်း ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

ကျွန်းလှ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ လွှတ်တိုက်ကျေးရွာအုပ်စု၊ မဒေါင်ကျေးရွာတွင် ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း (မြန်မာဆယ် မာအူးလ်အွန်ဒုံ) ဆေးပေးခန်း ဆောက်လုပ်မှု ရာနှုန်းပြည့်နေပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုကျေးရွာ ဆေးပေးခန်း (အလျား၂၇× အနံ၁၈ ×အမြင့်၁၂) ပေ အုတ်ညှပ်တစ်ထပ်အဆောက်အဦးကို စီမံကိန်း ရန်ပုံငွေကျပ်သိန်း (၁၂၀) ဖြင့် ကျေးရွာ စီမံကိန်း ကော်မတီများ ကြီးကြပ်ပြီး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေကျပ်သိန်း (၃၀၀) ဖြင့် လူနေမှုဖွံ့ဖြိုးရေးကဏ္ဍ၊ စွမ်းဆောင် ရည် မြှင့်တင်ရေးကဏ္ဍနှင့် ဝင်ငွေတိုးပွားရေး ကဏ္ဍများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)