မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၅) ဦး ထပ်မံတွေ့ရှိ

မြို့သစ် နိုဝင်ဘာ ၂၅

မကွေးခရိုင်၊ မြို့သစ်မြို့နယ်မှ ကိုဗစ်-၁၉ရောဂါ  ပိုးတွေ့အတည်ပြု လူနာ (၅) ဦး ထပ်မံတွေ့ရှိခဲ့ ကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏   ယမန်နေ့ည သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြို့သစ်မြို့နယ်အတွင်းရှိ (CBFQ) များသို့ နိုဝင်ဘာလ (၁၁ /၁၈/၁၉ နှင့်၂၀) ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး၊  လှိုင်၊ အင်းစိန်၊ မော်ဘီ၊ တောင်ဥက္ကလာ၊ လမ်းမတော်တို့မှ ပြန်လည်ရောက်ရှိလာ သည့် နင်းကြမ်းကျေးရွာ FQ မှ အသက် (၂၁) နှစ်အရွယ်ရှိ (ကျား) (၁) ဦး၊  ဇင်းဗျိုးကျေးရွာ FQ မှ အသက် (၁၈ )နှစ် အရွယ် (ကျား) (၁) ဦး၊ ရွှေပန်းပင်ကျေးရွာ FQ မှ အသက် (၂၂) နှစ်အရွယ် (မ) (၁)ဦး၊ မကြီးကုန်းကြီးကျေးရွာ FQ မှ အသက် (၁၇) နှစ်အရွယ် (ကျား) (၁) ဦး၊   ကိုင်းကျေးရွာ FQ မှ  အသက် (၄၃) နှစ်အရွယ်ရှိ (မ) (၁) ဦးတို့အား ၂၀၂၀ နိုဝင်ဘာလ (၂၂) ရက်နေ့က  နှာခေါင်း၊  အာခေါင်တို့ပတ် (SWAB) နမူနာရယူ၍ ရန်ကုန်မြို့ အမျိုးသား ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)သို့  ပေးပို့ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး (Positive) တွေ့ရှိခဲ့​ခြင်းဖြစ်ကြောင်း မြိုနယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ပိုးတွေ့အတည်ပြုလူနာအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ မြို့သစ် မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ  သီးသန့် (၄)ထပ်ဆာင်တွင် ထားရှိကာ ကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ လက်ရှိ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျှက် ရှိကြောင်းသိရသည်။

သန်းဝင်းထွန်း  (ပြန် /ဆက်)