ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန် စည်ပင်သာယာမြို့မစျေးကြီးအတွင်းရှိ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား နှာခေါင်းစည်းနှင့် Face Shield များ ဖြန့်ဝေပေး

တွံတေး  နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် စည်ပင်သာယာ မြို့မစျေးကြီးအတွင်းရှိ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန့်ချက်များနှင့်အညီ ကျန်းမာရေးအသိပညာပေး အရှိန်အဟုန် မြှင့်တင်ရေး လှုပ်ရှားမှုအနေဖြင့် ယနေ့နံနက်၇နာရီက အဆိုပါစျေး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှ၊ မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးတင်အောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ကျန်းမာရေးဝန်ထမ်းများက စည်ပင်သာယာမြို့မစျေးကြီး အတွင်းရှိ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာအကွယ် (Face Shield)များ တပ်ဆင်ရေး ၊စျေးရောင်းချသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ စျေးဝယ်သူ များ လိုက်နာရမည့် စည်းကမ်းချက်များအပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ ကုသရေးထက် ကြိုတင် ကာကွယ်ရေးက ပိုမိုထိရောက်ကြောင်းကို Hand Speaker ဖြင့် အသိပညာပေးခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နှာခေါင်းစည်း (Mask)နှင့် Face Shield များ လက်သန့်ဆေးရည်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင်( တွံတေး)