ခရမ်း နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နေ့စဉ်နံနက်(၇)နာရီက မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် စည်းကမ်းလိုက်နာခြင်း မရှိသူများအား ဒဏ်ကြေး ငွေပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှုရှိစေရန် နေ့စဉ်ကြပ်မတ် စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုကို ကိုဗစ်- ၁၉ မြို့နယ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ ဈေးကြီးကြပ်ရေးတာဝန်ခံနှင့် ဈေးလုံခြုံရေးများ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ ဈေးဝယ်သူများနှင့် ဈေးရှေ့တွင် သွားလာနေသူများစက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက် ပါလာသူများအား နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိပါက ဒဏ်ကြေးငွေ (၁၅၀)ကျပ်၊ maskတစ်ခု တန်ဖိုးငွေ(၅၀)ကျပ် စုစုပေါင်း(၂၀၀)ကျပ် ပေးဆောင်စေပြီး ခုဝယ်ခုတပ် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြသည်။
ကိုမင်း(ခရမ်း)