ဒေါပုံ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ဇေယျာသီရိရပ်ကွက်၊ သီရိဇေယျာ သာသနဗိမာန် ဓမ္မာရုံတွင် လွှတ်တော်ကိုယ်စားလှယ်များ နှင့်မြို့ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ ညနေ (၄) နာရီက ပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ လူထုတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၁) ဦးဟန်စိုး၊ မဲဆန္ဒနယ် အမှတ်(၂) ဦးသန်ဇင်တို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဆောင်ရွက်ထားရှိမှုလုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးခြင်းစီမှ ရှင်းလင်းပြောကြား၍ တက်ရောက်လာသော ပြည်သူများမှ ပြန်လည်ဆွေးနွေး ကြောင်းသိရသည်။
အဆိုပါ လူထုတွေ့ဆုံပွဲကို သင်္ဘောကျင်း၊ ဇေယျာသီရိ၊ ယမုံနာ(၁)၊ ယမုံနာ(၂) ရပ်ကွက်များမှ မိဘပြည်သူများ(၇၀)ဦးတက်ရောက်ဆွေနွေးခဲ့ကြောင်းသိရသည်။
သဲစုစုလွင်