မဖြစ်မနေ အပြင်သို့ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း များအခမဲ့ ဖြန့်ဝေခြင်း ပြုလုပ်

မြင်းမူ နိုဝင်ဘာ ၂၅

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မဖြစ်မနေ အပြင်သို့ ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ပေးဝေ ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက်များနှင့် အညီ  ပြည်သူတွေ အဓိကလုပ်ဆောင်ရမည့် အပြင်သို့ထွက်ခွာတိုင်း နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွား လာရေးအတွက် ယခုကဲ့သို့  မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီဥက္ကဋ္ဌ ကိုယ်တိုင်ဦးဆောင်လျက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အမှတ်(၂)တိုင်းဒေကြီးလွှတ်   တော်ကိုယ်စားလှယ် ဒေါ်နီလာလွင်နှင့်   မြို့နယ် အမျိုးသမီးရေး အဖွဲ့ဝင်များက   ယခုကဲ့သို့ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရှိ ဦးလှမျိုးအောင်ထံမှ သိရှိရသည်။

မဖြစ်မနေ အပြင်သို့ ထွက်ခွာတိုင်းနှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာ ပေးခြင်း လုပ်ငန်းကို လူသွားလာမှုထူထပ်သည့် မြို့မဈေးအနီးနှင့် ယာယီဈေး ဖွင့်လှစ် ထားရှိသည့်  ပြည်သူ့အားကစားကွင်း နေရာတို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများသို့ နှာခေါင်း စည်း  (Mask) (၂၀၀၀) အား အခမဲ့ပေးဝေခဲ့ကြောင်း သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)