ပန်းဘဲတန်းမြို့နယ် စိစစ်ရေးအဖွဲ့မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား စာရင်းထပ်မံပြုစု ဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

ပန်းဘဲတန်း နိုဝင်ဘာလ ၂၅

ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု စာရင်းထပ်မံပြုစု ဆောင်ရွက်ထားရှိမှုအား မြို့နယ်စိစစ်ရေးအဖွဲ့မှ ယမန်နေ့က စတင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ သည်။

ပန်းဘဲတန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ နိုင်ငံတော် အစိုးရမှ ငွေကြေးထောက်ပံ့ရာတွင် အမှန်တကယ်ရရှိရမည့် အိမ်ထောင်စုများဖြစ်စေရေးနှင့် သတ်မှတ် ထောက်ပံ့ ငွေအတိုင်းမရရှိပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်စိစစ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ ရပ်ဖများထံ သတ်မှတ်ချက်ပုံစံများနှင့် လျှောက်ထား လာသော အိမ်ထောင်စုများ၏ လျှောက်ထားချက်များကို မြို့နယ်စိစစ်ရေး အဖွဲ့ဌာန ဆိုင်ရာများမှ မိမိတို့စစ်ဆေးရမည့်ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေး ခြင်း ဖြစ်ကြောင်း သိရှိရပါသည်

ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများစာရင်း ပိုမိုပြည့်စုံစွာ စာရင်းပြုစုထားမှုအား မြို့နယ်စိစစ်ရေးအဖွဲ့မှ ရပ်ကွက်(၁၁)ရပ်ကွက်များရှိ အမှန်တကယ်ရရှိရမည့် အိမ်ထောင်စုဝင်များမကျန်ရှိခဲ့စေရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

နေခြည် (ပြန်/ဆက်)