ရေး နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ် ဦးစီးမှူး ရုံးမှ ဝန်ထမ်းများက ယမန်နေ့၊ နံနက် (၁၀) နာရီက ရေးမြို့နယ်၊ ချောင်းတောင် ကျေးရွာတွင် ပြည်သူများသိရှိစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းကို ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်သဉ္ဇာအောင်နှင့် ဝန်ထမ်းများက ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ လိုက်နာ ဆောင်ရွက်ရမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)