ငဖဲမြို့နယ်ပဒါန်းကျေးရွာတွင် မီးပွိုင့်ယာဉ်ထိန်းရုံး အဆောက်အဦအတွက် အလှူငွေကျပ် ၁၈ သိန်း လာရောက် လှူဒါန်း

ငဖဲ နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာလမ်းဆုံတွင် မီးပွိုင့်ယာဉ်ထိန်းရုံး အဆောက်အဦ ဆောက်လုပ်မှု ကုန်ကျစရိတ်အတွက် အလှူငွေကျပ် ၁၈သိန်းကို ကြံ့နှစ်ကောင် ဘိလပ်မြေကုမ္မဏီမှ ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းရာ ငဖဲမြို့နယ် အမှတ်(၁) တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိန်သောင်း၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဒေါ်မော်မော်လွင်နှင့် စည်ပင်သာယာရေး ကော်မတီဝင် များနှင့် ပဒါန်းလမ်းဆုံ မီးပွိုင့်တပ်ဆင်ရေး ကော်မတီ အဖွဲ့တို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ပဒါန်းကျေးရွာသည် ပုသိမ်-မုံရွာလမ်းဆုံတွင် တည်ရှိပြီးစီးပွားရေးဖွံ့ဖြိုးသော ကျေးရွာကြီး တစ်ရွာဖြစ်၍ ပြည်သူအများယာဉ် စည်းကမ်းလမ်းစည်းကမ်းနှင့်အညီ ခရီးသွားလာနိုင်ရေး ယာဉ် အန္တရာယ် လျော့နည်း ကျဆင်းရေးတို့အတွက် ပဒါန်းလမ်းဆုံ၌ ယခုလကုန်တွင်မီးပွိုင့် တပ်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)