ဖြူးမြို့နယ်၌ VRFP စီမံကိန်းအားအကောင်အထည်ဖော် ဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေး

ဖြူး နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖေါ်ဆောင်ရွက် လျက် ရှိသည့် VRFP စီမံကိန်း ကျေးရွာများအနက် ရွာတန်းရှည်ကျေးရွာ၏ VRFP စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုး ရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်း နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ထားရှိမှု အားမြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် အဆိုပါကျေးရွာသို့ လုပ်ငန်းများ တိုးတက်မှု အခြေအနေနှင့် စာရင်းဇယားများ ဖြည့်သွင်းထားရှိမှု အခြေအနေ အား ကွင်းဆင်း ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ ကြကြောင်းသိရှိရသည်။

အဆိုပါ (VRFP)စီမံကိန်းအား ရွာတန်းရှည်ကျေးရွာ၌ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ စနစ် တကျ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသဖြင့် ကျေးလက်နေပြည်သူများ နေ့စဉ်ဝင်ငွေ များ ရရှိ လျက်ရှိကြပြီး လူနေမှုစနစ်များ ဖွံ့ဖြိုးတိုးတက်  လျက်ရှိကြောင်း တံမြက်စည်း လုပ်ကိုင်သူ တစ်ဦးထံမှ သိရှိရသည်။

မနွယ်(ဖြူး)