ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ စျေးများ၌ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေ

ဒဂုံ(အရှေ့)  နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ အား  နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်  အသိပညာပေး Mask Campaign ဆောင် ရွက်ခြင်းကို ယနေ့ နံနက် ၈နာရီက အမှတ် ၅ ရပ်ကွက်ရှိ ပျံကျစျေး၊ အမှတ်၈ရပ်ကွက်ရှိ စည်ပင်သာယာစျေး၊ အမှတ် ၁၃၃ရပ်ကွက် ပတ္တမြားစျေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်ကျင်ဆန်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင် မြို့နယ်ရဲတပ်ဖွဲ့တို့ စုပေါင်း၍ လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း အနေဖြင့်  ပြည်သူများ တစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းအပြင် နှာခေါင်းစည်း Mask များ နှင့် Face shield တို့အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)