ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်လာရန် လိုက်လံသတိပေး နှိုးဆော်

သနပ်ပင်၊ နိုဝင်ဘာ ၂၅

ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အပြင်ထွက်တိုင်း နှာခေါင်း စည်း(Mask) စနစ်တကျ တပ်ဆင်လာရန် ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈နာရီအချိန်က လူစည်းကား ရာ နေရာများ၌ လိုက်လံသတိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး သတိပေးနှိုးဆော်ခြင်း လုပ်ငန်းတွင် သနပ်ပင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  စသည့် ပူးပေါင်းအဖွဲ့တို့မှ မြို့အဝင်ဂိတ်၊ အထွက်ဂိတ်တို့တွင် ခရီးသွားလာနေသောပြည်သူများ၊ လူစည်းကားရာ နေရာများဖြစ်သော မြို့တွင်းလမ်းဆုံ၊ လမ်းခွများ၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ ယာယီဈေးဖွင့်ထားသော နေရာများ၊ ပျံကျဈေးသည်များ စသည့်နေရာများသို့ သွားရောက်ကာ ဈေးရောင်းဈေးဝယ်ပြုလုပ် နေသော သူများ၊ အကြောင်းအမျိုးအမျိုးကြောင့် အပြင်ထွက်လာသူများကို ယခုကာလသည် ပိုးတွေ့ လူနာတွေ့ရှိမှု များလာသည့်အတွက် နှာခေါင်းစည်း(Mask)အား စနစ်တကျတပ်ဆင်လာရန်၊ မလိုအပ်ပဲ အပြင်မထွက်ကြရန်၊ ဈေးရောင်းဈေးဝယ် ပြုလုပ်ပြီးသည့် အခါတိုင်း လက်ကိုမကြာခဏ စက္ကန့်(၂၀) ကြာအောင်ဆေးရန်၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များ အား စနစ်တကျလိုက်နာကြရန်   ပြည်သူများအား လိုက်လံသတိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

လှမိုး(သနပ်ပင်)