ဒဂုံ(အရှေ့) နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏လမ်း ညွှန်မှုဖြင့် လတ်ဆတ်သောသား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက် ကုန်များအား ရပ်ကွက်များအတွင်း ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အမှတ် ၁ရပ်ကွက် ရာဇသင်္ကြန် လမ်းအတွင်း၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ် အတွင်းနေ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက် နိုင်ရေး၊ မိမိတို့နေအိမ်မှကွာဝေးသော စျေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုရသည့်အတွက် ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ စားသောက်ကုန်များ အားဝယ် ယူရရှိနိုင်ရေးတို့ကို ရည်ရွယ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)