ထီးလင်း နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာတွင် ဖွင့်လှစ် ရောင်းချ လျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲတွင် တာဝန်ရှိသူများက အဆိုပါကျေးရွာ၌ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာတွင် ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ တွင် ဆိုင်ထိုင် စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားပြီး ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီပြီး (A) အဆင့် သတ်မှတ်ခြင်း ခံရသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုနိုင်ရေး တို့ကို ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီး အောင်၊ ရေမျက်နီကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာကျော်ဇင်ထွန်း၊ ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)