လှိုင်မြို့နယ်အတွင်းရှိ စျေးများ ပြန်လည်ဖွင့်လှစ်ရန် မြို့နယ်ကိုဗစ်-၁၉ကော်မတီများ ညှိနှိုင်းဆွေးနွေး

လှိုင်  နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ(၃:၃၀) အချိန်က စျေးများ ပြန်လည်ဖွင့်လှစ်ရန်ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ကော်မတီဝင်များ က လှိုင်မြို့နယ်အတွင်းရှိ စျေးများတွင်ပိတ်ထား သော ဆိုင်များပြန်လည်ဖွင့်လှစ်ရန် အကြံပြုချက်အား ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ပါက ဆိုင်ပိုင်ရှင်များကို Mask ၊ Face Shield၊ Hand Jel များ အသုံးပြုရန်နှင့် စွန့်ပစ် ပစ္စည်းများ ထည့်ရန်အမှိုက်ပုံးများ ထားရှိပေးရန် ဆွေးနွေးအကြံပြုခဲ့ကြသည်။        

ဆက်လက်၍ စျေးထဲတွင် Mask မပါရှိခြင်း၊ မေးချိတ်ထားခြင်းများတွေ့ရှိက နံနက်တိုင်း ဒဏ်ကြေး (၂၀၀)ကောက်ခံပြီး အသိပညာပေး ပြောကြားသွားရန် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ယခုထက်ပို၍ စည်းကမ်းစနစ်တကျဖြစ်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း အကြံပြုဆွေးနွေး ပြောကြားခဲ့ကြပါသည်။

အေးအေးချို(ပြန်/ဆက်)