ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ စီမံကိန်း ကျေးရွာများ ရွေးချယ်ပွဲကျင်းပ

ဟုမ္မလင်း နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) နှင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း ရွေးချယ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရ သည်။

အခမ်းအနားတွင် ဟုမ္မလင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းလတ်က  ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် မြစိမ်းရောင် စီမံကိန်း၊ စီမံကိန်းကျေးရွာများ ရွေးချယ်ရမည့်ကိစ္စနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ သည်။

ထို့နောက် တက်ရောက်လာသော  လွတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိ သူများက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ (၁၂) ရွာနှင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း (၄) ရွာတို့ကို ရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)