နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကျောင်းဆင်း ညီကိုများမှ နှာခေါင်းစည်း (Masks) များ အခမဲ့ ဖြန့်ဝေ

လဟယ်  နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ကျောင်းဆင်းညီကိုများမှ လဟယ်မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း masks များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန် နံနနက် (၁၀) နာရီအထိ လဟယ်မြို့  လူစည်ကားရာ လမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ လမ်းဆုံများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ နေ့စဉ်သွားလာလှုပ်ရှားမှုတွင် မဖြစ်မနေ လိုအပ်လျက်ရှိသော ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး နှာခေါင်း စည်း Mask (၂၅၀) ခု ကို အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ရှား‌ဆက်(ပြန်/ဆက်)