လှိုင်မြို့နယ်၊ အ.လ.က (၁) ကျောင်း၌ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

လှိုင် နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၌ အသက် (၉) နှစ်မှ (၁၂) နှစ်အောက် ကျောင်းသူများကို   သားအိမ်ခေါင်းကင်ဆာ HPV ကာကွယ်ဆေးအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က ထိုးနှံပေးခဲ့သည်။

ထိုသို့ ထိုးနှံပေးရာတွင် လှိုင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးက (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရခြင်းနှင့်ပတ်သက်၍ (HPV) ရောဂါကူးစက်ပုံများ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲပြဿနာများ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ခြင်းနှင့် အိတ်ချ်ပီဗီ ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများအကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် အမှတ် (၁) အ‌ခြေခံပညာအလယ်တန်းကျောင်းရှိ အသက် (၉) နှစ်မှ (၁၂) နှစ်အောက် ကျောင်းသူ (၆၀) ဦးအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါသည်။

ထိုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အောင်မြင်စွာ ထိုးနှံနိုင်ရေးအတွက် လှိုင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အ.လ.က(၁) ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာမများ၊ မိဘပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)