ကျောက်တံခါး နိုဝင်ဘာ ၂၅
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အောင်မြင်တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ကာလအတွင်း ဆေးရုံတက်ရောက်ကုသနေသော လူနာများအတွက် ကျောက်တံခါးမြို့နယ် သတင်းမီဒီယာ အဖွဲ့မှ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများကို ယမန်နေ့က သွားရောက် လှူဒါန်းခဲ့သည်။
ထိုသို့လှုဒါန်းရာတွင် မြို့နယ်သတင်းထောက်ဦးခင်ကိုနှင့် ZPLUS သတင်းအေဂျင်စီမှ မြို့နယ်တာဝန်ခံ ဦးမျိုနိုင်အဖွဲ့တို့ စုပေါင်း၍ ကျန်းမာရေးဝန်ထမ်း (၂၀)ဦးအတွက် နေ့လည်စာ စားသောက်ဖွယ်ရာများနှင့် ထမင်းဘူးများ လှုဒါန်းခြင်း၊ ကိုဗစ်-၁၉ကာလအတွင်း ဆေးရုံတွင် တက်ရောက်ကုသနေသော လူနာနှင့်လူနာ စောင့်များအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းနှင့် လက်သန့် ဆေးရည်ဘူးများကို ပေးအပ်လှူဒါန်းရာ တိုက်နယ်ဆရာဝန် ဒေါက်တာသီဟအောင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)