လေရှီး နိုဝင်ဘာ ၂၅
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်း ဝေးခန်းမ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ ရွေးချယ်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ လေရှီးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးနှင့် မြို့နယ် စီမံခန့်ခွဲမှု ကောင်မတီဥက္ကဋ္ဌ ဦးနှိင်နှိင်ဦး၊ မြို့နယ်ဖွံဖြိုးမှုကြီးကြပ်ရေးမှူးရုံး လက်ထောက် ညွန်ကြားရေးမှူး ဦးခင်မောင်လင်းနှင့် ဌာနဆိုင်ရာများ တက်ရောက်ပြီး ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဦးဌာန ဦးစီးအရာရှိ ဦးခေါင်းပေါ့မှ ၎င်းလုပ်ငန်းနှင့် စပ်လျဉ်း၍ရှင်းလင်း ပြောကြားသည်။
အဆိုပါ လုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်တွင် အကာင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာ ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)နှင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း လုပ်ငန်းများအား အကျိုးပြုနိုင်ရန် တက်ရောက်လာသော လွတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအကြီး အကဲများက ကျေးရွာပေါင်း(၁၂)ရွာကို ရွေးချယ်ပေးခဲ့ကြောင်း သိရှိရသည်။
ဆိုင်းသား