သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club နှင့် Youth Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

သံတောင်ကြီး    နိုဝင်ဘာ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ၊  Community   Centre ခန်းမတွင် Book Club နှင့် Youth Club အဖွဲ့ဝင်များက စာရေးဆရာကောင်းမြတ်၏ “ပွင့်သောပန်းတိုင်းမွှေးစေလို” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယမန်နေ့နံနက်(၉)နာရီက ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး နော်နီလာအေးက စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး Youth Club အဖွဲ့ဝင် နော်အယ်ဂေက စာရေးဆရာကောင်းမြတ်၏ “ပွင့်သောပန်းတိုင်းမွှေးစေလို” စာအုပ်ပါခေါင်းစဉ်ငယ်များဖြစ်သည့် “ရန်လိုတတ်တဲ့ကလေး၊ အများအာရုံစိုက်မှုခံလိုတဲ့ကလေး၊ အိပ်ရာဝင်ခိုင်းရခက်တဲ့ကလေး၊ စည်းကမ်းမလိုက်တတ်တဲ့ကလေး၊ ဒေါသကြီးတဲ့ကလေး၊ ဂနာမငြိမ်တဲ့ကလေး” စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဒေါ်အေးခိုင် (Book Club) အဖွဲ့ဝင်က “ကပျစ်ကညစ်နေတတ်တဲ့ကလေး၊ လိမ်ပြောတတ်တဲ့ကလေး၊ မှီခိုလွန်စိတ်များသည့်ကလေး၊ မိဘအနားအမြဲကပ်နေတဲ့ကလေး၊ လေ့လာသင်ယူမှုအားနည်းတဲ့ကလေး၊ ရှက်တတ်ကြောက်တတ်တဲ့ကလေး၊ အစားစားနှေးတဲ့ ကလေး၊ အစားအသောက်ကြေးများတဲ့ကလေး” စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေး နွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် Book    Club နှင့် Youth Club အဖွဲ့ဝင်များက စာရေးဆရာ ကောင်းမြတ်၏ “ပွင့်သောပန်းတိုင်းမွှေးစေလို” စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဖတ်ရှုဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ