ဝေါ နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာ ပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည(၇) နာရီ အချိန်ခန့်က ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံနှိုးဆော်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ဝေါမြို့ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်းထွန်း ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များက ယခုအချိန်အခါသည် ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီးဝေါမြို့အတွင်းရှိ နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ၊ ရုံးအဆောက်အဦ ၊ မိဘပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများကို မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်၊ နေအိမ်အဆောက်အဦတိုင်းတွင် ခိုင်ခံ့တောင့်တင်းသော မီးချိတ်၊မီးကပ်၊ ရေအိတ်၊သဲပုံး၊
လှေခါးနှင့်ရေလုံလောက်စွာ ထားရှိရန်နှင့် မီးသတ်ဆေးဘူးများထားရန် မီးလောင်လွယ်သော သက်ကယ်၊ ကိုင်းပင်၊ ဝါး၊ ဓနိတို့ဖြင့် မိုးကာ၊ ခင်းထားသော နေအိမ်များသည် မီးဖိုအား မြေကျင်းတူး၍ အသုံးပြုရန်၊ လေပြင်းတိုက်ခိုက်ချိန် မီးအသုံးပြုခြင်း (လုံးဝ)မပြုရန်၊ မီးဖိုနှင့် နံရံကြားတွင် မီးလောင်မလွယ်သောပစ္စည်း (ဥပမာ- သွပ်ပြား၊ မီးခံကျောက်ပြား အုတ်ကာရံထားရန်၊ မီးအသုံးပြုစဉ် လူစောင့်ကြည့်ရန်နှင့် အသုံးပြုပြီးပါက မီးကြွင်းမီးကျန်မထားပဲ စနစ်တကျ ငြိမ်းသတ်ထားရန်၊ ထင်းမီးသုံးစွဲသူများသည် မီးဖိုစနစ်တကျ ထားရှိရန်နှင့် မီးငြိမ်းသတ်ရာတွင် ထင်းမီး တစ်ချောင်းချင်းငြိမ်းသတ်ရန်၊ ဂတ်(စ်)မီးဖို သုံးစွဲသူများသည် အဖွင့်အပိတ်ဘားများနှင့် ပိုက်များကို ဓာတ်ငွေ့ယိုစိမ့်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ဘားများသေချာပိတ်ရန်၊ မိမိနေအိမ်၊ ခြံဝင်းအတွင်းရှိ အမှိုက်သရိုက် ၊ ကောက်ရိုး၊ သက်ကယ် စသည့် မီးလောင်လွယ်သော အရာဝတ္ထု ပစ္စည်းများ ရှင်းလင်းထားရန်နှင့် စုပုံသိုလှောင်ခြင်းမပြုရန်၊ လမ်းလျှောက်စဉ် ဆေးလိပ်သောက်ခြင်း၊ အနှေးယာဉ်/အမြန်ယာဉ်စီးနင်းစဉ် ဆေးလိပ်သောက်ခြင်း၊ မီးပါသောဆေးလိပ်တို့ကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်း မပြုရန်၊ ဟောင်းနွမ်းချို့ယွင်းနေသော လျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ်ဝါယာကြိုးများ၊ အသုံးမပြုရန်နှင့် လျှပ်စစ်မီးကို အသုံးပြုပြီးပါက ပလပ်ဖြုတ်ခြင်း၊ ခလုတ်ပိတ်ခြင်းများကို အလေး ထားဆောင်ရွက်ပြီး အိမ်တွင် လူစောင့်မရှိပါက မိန်းခလုတ်များချထားခြင်းကို အမေ့မလျော့ သတိထားပြီး ဆောင်ရွက်ရန်၊ တရားမဝင်လောင်စာဆီများ၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ သယ်ယူခြင်း မပြုလုပ်ရန်၊ ဘာသာရေးအရ ဘုရားမီးပူဇော်ချိန် အစောင့်ရှိရန်နှင့် ဖယောင်းတိုင်/ အမွှေးတိုင်များပူဇော်ပါက မီးခံခွက်ထားရှိရန်နှင့် ကလေးသူငယ်များနှင့် တိရိစ္ဆာန်များအနီးတွင် မီးမထွန်းရန်နှင့် ကလေးသူငယ်များ မီးဆော့ခြင်း၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအား ထမင်းဟင်း ချက်ပြုတ်ခိုင်းခြင်းမပြုလုပ်ရန်၊ အမှိုက်သရိုက်များ မီးရှို့ပါက မီးသတ်တပ်ဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရမှသာ မီးရှို့ရန် လိုက်လံ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)