ရေနံချောင်း နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာ လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် နိုဝင်ဘာ ၂၅ ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့် အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်လစာများထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် နိုဝင်ဘာ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်း များအား နေ့ရက်များအလိုက် နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၃ နာရီအချိန်ထိ ထုတ်ပေးလျက်ရှိကြောင်းနှင့် သတ်မှတ်ရက်များတွင် လာရောက်ထုတ် ယူခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများသည် ဒီဇင်ဘာလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
ယင်းသို့ပင်စင်လစာများထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များ နှင့်အညီ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျရှိစေရန် ဘဏ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက နှာခေါင်းစည်းများတပ်ဆင် ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ အပူချိန်တိုင်းခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်းနှင့် သက်ကြီးရွယ်အိုများအားကူညီပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်ပြန်/ဆက်