ခေါဇာ နိုဝင်ဘာ ၂၅
ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ဆိုင်ရာအသိပညာပေးခြင်း နှင့် နှာခေါင်း စည်း(Mask) များအခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်က မွန်ပြည်နယ်၊မော်လ မြိုင်ခရိုင်၊ ခေါဇာမြို့၊ မြို့ကျက်သရေဆောင် ဈေးတွင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေပေးခြင်းကို ကျေးလက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ အမျိုးသမီးရေးရာ နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များပူးပေါင်း၍ မြို့ကျက်သရေဆောင်ဈေး သို့ လာရောက်ကြသော ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်ပက်သက်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) အခုရေ (၃၀၀) ခန့်အားအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ညီညီချမ်း(ပြန်/ဆက်)