အရာ​တော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွမ်းစိုက်ခင်းနှင့်​ဆောင်းသီးနှံ စိုက်ခင်များ တွင် ပိုးမွှားကျ​ရောက်​နေမှု အ​​ခြေအ​နေအား ကွင်းဆင်း စစ်​ဆေး

အရာ​တော်     နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဇရစ်နည်းပညာပြန့်ပွားရေး စင်တာမှ ဒုတိယဦးစီးမှူး ဒေါ်ကေသွယ်မိုး ဦးဆောင်သည့် စိုက်ပညာရှင်ဝန်ထမ်းများသည် ယနေ့  နံနက်က ငွေတွင်း ကျေးရွာအုပ်စုရှိ တောင်သူဦးမောင်ပု၏ ကွမ်းစိုက်ခင်းနှင့်ဆောင်းသီးနှံ (ကုလားပဲ၊မြေပဲ) စိုက် ခင်းများတွင် ပိုးမွှားကျရောက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းစစ်​ဆေးရာတွင် သီးနှံစိုက်ခင်းများတွင် ပိုးမွှားများ ကျ​ရောက်​​နေမှုအ​ပေါ် တောင်သူ များအား ကုန်ကျစရိတ် သက်သာ​စေမည့် သဘာ၀ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲနည်းနှင့် ပန်းပွင့်ချိန်တွင် ယူရီးယားနှင့်လက်ချားများကို အသုံးပြုရန် ဓာတုပိုးသတ်ဆေးတစ်မျိုးတည်းကိုသာ အသုံးမပြုဘဲ ဘက်စုံ ပိုးမွှားကာကွယ်နှိမ်နင်းနည်းများကို အသုံးပြုကြရန် ဆွေးနွေးပညာပေးခဲ့​ကြောင်း သိရသည်။

နွယ်နီမြင့်