နာဂဒေသ၊ လဟယ်မြို့တွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆောင်ရွက်

လဟယ်  နို၀င်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေ ဖြင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က နာဂဦးစီး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပ ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဦးစီး အဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းကအဖွင့်အမှာစကား
ပြေကြားခဲ့ပြီး နာဂဒေသလဟယ်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ခွင့်ရန်ပုံငွေ (ပြည်ထောင်စု/တိုင်းဒေသကြီး) ဖြင့်ဆောင်ရွက်မည့် လမ်းတံတား လုပ်ငန်းများ၊ အင်ယာ ဆောက်လုပ်ရေး (တန်ဖိုးနည်အိမ်ယာ) လုပ်ငန်းများနှင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းများ လျာထား ဆောင်ရွက်နိုင်ရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း နာဂဒေသခေတ္တ ဒေသဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲမင်းထံမှ သိရသည်။

ရှား‌ဆက် ၊(ပြန်/ဆက်)