မင်းကင်း နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သင်္ဘောကျေးရွာအုပ်စု ကဗျစ်ကျေးရွာ တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော တောင်သူ ဦးဝင်းဆွေ၏ ကွင်းအမှတ် ၇၈၉/၁ ၌ စိုက်ပျိုးထားသော ဆင်းသုခ မျိုးသန့် မျိုးစေ့ထုတ် စံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်ထက်အောင်၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းလွင်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးရန်နိုင်ငြိမ်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများ၊ ကဗျစ်ကျေးရွာ တောင်သူများ တက်ရောက် အားပေးခဲ့ကြသည်။
မိုးစပါး ဆင်းသုခ မျိုးစပါးကို ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် တင်း(၁၀၀)ထွက်ရှိ ကြောင်း သိရသည်။
လှငွေ(မင်းကင်း)