ဝန်းသိုမြို့တွင် ကိုဗစ်-၁၉ကာလ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများကို Online ပေါ်မှ စဉ်ဆက်မပြတ် ထုတ်လွှင့် တင်ဆက်

ဝန်းသို နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက် အကူပြုနိုင်ရန်အတွက် ပြည်သူ့ စာကြည့်တိုက်ဖွင့်လှစ်မှုကို ယာယီပိတ်ထားလျက်ရှိရာ ယာယီပိတ်ထားစဉ် ကာလအတွင်း မိဘပြည်သူ စာဖတ်ပရိတ် သတ်များ၊ ကျောင်းသား၊ ကျောင်းသူများ  စာပေနှင့် ပြင်ပဗဟု သုတများကို စဉ်ဆက်မပြတ် လေ့လာနိုင်ကြစေရန်အတွက် Online ပေါ်မှ လူထုအသိပညာပေးခြင်းလုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“ကျွန်မတို့ဦးစီးဌာန လုပ်ငန်းတစ်ခုဖြစ်တဲ့ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းကို ကိုဗစ်-၁၉ရောဂါ ကြောင့် ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၁၀ရက်နေ့မှစတင်ပြီး ယာယီရပ်ဆိုင်းထားခဲ့ပါတယ်၊ အဲ့လို စာကြည့်တိုက် ပိတ်ထားတဲ့ကာလမှာ မိဘပြည်သူစာငှား/စာဖတ်ပရိတ်သတ်များ၊ ကျောင်းသား၊ ကျောင်းသူ၊ ကလေး ငယ်များ အတွက် စာဖတ်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောပြခြင်း၊ အရုပ်ခေါက်ခြင်း Hand make ပြုလုပ်ခြင်း စတဲ့အစီအစဉ်တွေကို Online Media မှတဆင့် တင်ဆက်ပေးနေပါတယ်၊ ဒါအပြင့် ယခုအချိန် လူစုလူဝေးဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ ကာလအတွင်းမှာ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းစတဲ့ ပြည်သူလူထုသို့ အသိပညာ ပေး လိုသည့်အကြောင်းအရာများကို Community Centre ခန်းမှာ Talk Show ဆွေးနွေးပွဲပြုလုပ်ပြီး တော့ Website TV (Online Media)ဖြင့် ဖွင့်လှစ်ထားသည့် မိမိတို့ရုံး IPRD WUNTHO Facebook Pageနဲ့ ဝန်းသို မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook  Page Online မှတဆင့် ထုတ်လွှင့်တင်ဆက်ပေးခြင်း လုပ်ငန်း တွေကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှုး ဒေါ်ခွင်ကြည်ကပြောသည်။

ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ကာလ ပြည်သူများ Stay at home နေစဉ်အတွင်း ပြည်သူများ စိတ်ပျော်ရွှင်၍ ကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ကြစေရန်  Physical Fitness Dance တင်ဆက်ခြင်းနှင့် မိဘပြည်သူ ကျောင်းသား လူငယ်များ စာပေဗဟုသုတများ လေ့လာ နိုင်ကြစေရန်အတွက် အသိပညာပေးဆွေးနွေး ပြောကြားမှုများကို သက်ဆိုင်ရာဌာနများ၊ စာပေချစ်မြတ်နိုးသူအသင်းတို့နှင့်ပူးပေါင်း၍    Website TV (Online Media)မှ အပတ်စဉ် အလှည့်ကျ ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)